ယန်ဇီမြစ် ပင်မလိုင်းပေါ်တွင် အသစ်တည်ဆောက်ထားသော ကွန်တိန်နာသင်္ဘောကြီး အစမ်းခရီးထွက်ပြီ

(GMT+08:00)2022-09-19 20:26:16  

စက်တင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊ တရုတ်နိုင်ငံကျန်းစူးပြည်နယ်၊ ထိုက်ကျိုးမြို့တွင် ယန်ဇီမြစ်၏ ပင်မလိုင်းပေါ်ရှိ အသစ်တည်ဆောက်ထားသော ကွန်တိန်နာသင်္ဘော "New Yangzi 412" သည် အစမ်းခရီးထွက်ခဲ့ပါသည်။ အဆိုပါ သင်္ဘောသည် အရှည် ၃၆၆ မီတာ၊ အကျယ် ၅၁ မီတာ၊ အနက် ၃၀.၂ မီတာရှိပြီး ကုန်းပတ်ဧရိယာမှာ ဘောလုံးကွင်း ၂.၆ခုနှင့် ညီမျှကာ တစ်ကြိမ်လျှင် ပေ ၂၀ ရှိ ကွန်တိန်နာ ၁၅,၀၀၀ ကို တင်ဆောင်နိုင်သည်ဖြစ်၍ ယခုနှစ်များအတွင်း ယန်ဇီမြစ်တွင် အသစ် တည်ဆောက်ထားသော အကြီးဆုံးကွန်တိန်နာသင်္ဘော ဖြစ်ပါသည်။