ဝမ်ယိသည် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံယေဘုယျ အချေအတင် ဆွေးနွေးပွဲနှင့် အခြားအဆင့်မြင့် ပွဲများသို့ တက်ရောက်မည်

(GMT+08:00)2022-09-18 12:03:44  

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာခဲ့သည်။

ယင်းအတောအတွင်းတွင် ဝမ်ယိသည် “တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးအဆိုပြုချက် မိတ်ဖက်အဖွဲ့” ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို ဦးစီးကျင်းပပြီး BRICS နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံပွဲ၊ တရုတ်-CELAC (လက်တင်အမေရိကနှင့် ကာရေဘီယံ နိုင်ငံများ အသိုက်အဝန်း) “Four carriages” နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ၊ ပင်လယ်ကွေ့အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ “Three carriages ” နှင့် စုပေါင်း တွေ့ဆုံပွဲစသည့် ပွဲများသို့ တက်ရောက်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ၊ နိုင်ငံအချို့မှ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မော်နင်က ပြောကြားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။