ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မောင်းနှင်အားပေးနေ

(GMT+08:00)2022-09-18 12:02:05  

 

 ဒီလ ၁၆ ရက်နေ့မှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၂၂ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖိန်က ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံ ငါးရပ်ကို ပေါင်းရုံးသုံးသပ်ပြီး၊ ရှန်ဟိုင်းစိတ်ဓါတ်ဟာ ရှန်ဟိုင်း အဖွဲ့အစည်းရဲ့ ရှင်သန်စွမ်းအား တည်ရှိရာအချက် ဖြစ်၍ ရေရှည် စွဲကိုင်ရမယ့် အရင်းခံ အချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

  ဒီအကြိမ်အစည်းအဝေးမှာ ပိုမို ရင်းနှီးတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ရှီကျင့်ဖိန်က အပြန်အလှန် ထောက်ခံမှုကို အားဖြည့်ရန်၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ ပြုလုပ်ရန်၊ လူမှုရေး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို တိုးမြှင့်ရန်၊ နိုင်ငံစုံဝါဒကို စွဲကိုင်ရန် တိုက်တွန်းပြီး လက်တွေ့ကျ ဆောင်ရွက်ချက် များကိုဖေါ်ပြကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အနာဂတ် စီမံကိန်းများကို ရေးဆွဲပေးပါတယ်။

   အစည်းအဝေးမှ ထုတ်ပြန်တဲ့ စာမာရ်ကန် ကြေညာချက်မှာ တရုတ်ပြည်ဘက်မှ အဆိုပြုခဲ့တဲ့ တစ်ကမ္ဘာလုံး လုံခြုံရေးဆိုင်ရာ ကမ်းလှမ်းချက်ကို ထည့်သွင်းထားပြီး တရုတ်ပြည်ဘက်မှ အဆိုပြုခဲ့တဲ့ တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ်းလှမ်းချက်ရဲ့ ရည်မှန်းချက် အကြောင်းရာတွေကိုလည်း သရုပ်ဖေါ်ပြခဲ့ကာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများက Belt and Road အဆိုပြုချက်ကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြု ဖေါ်ပြခဲ့ပါတယ်။ အဲဒါတွေဟာ တရုတ်ပြည်ရဲ့ အဆိုပြုချက် တွေဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများရဲ့ ဘုံအကျိုးစီးပွားနဲ့ ကိုက်ညီတယ်လို့ ပြသထားပါတယ်။

တရုတ်ဆိုရိုးစကားတစ်ခွန်း ရှိပါတယ်၊ လမ်းဝေးပေမယ့် ကြိုးပမ်းပြီး ချီတက်ပါက ပန်းတိုင်သို့ ရောက်နိုင်ပါ့မယ်တဲ့။ ရှန်ဟိုင်းစိတ်ဓါတ်ရဲ့ လမ်းညွှန်မှုနဲ့ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ဟာ ဒေသတွင်း လုံခြုံတည်ငြိမ်ရေး၊ ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မောင်းနှင်အား ပေးသွားမှာ ဖြစ်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။