ရှမ်းမင်းဆက် ရှေးဟောင်းယဉ်ကျေးမှု အကြွင်းအကျန်နေရာ၌ ရွှေမျက်နှာဖုံး တွေ့ရှိ

(GMT+08:00)2022-09-18 12:02:55  

    မကြာမီက တရုတ် နိုင်ငံတော် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းရေးရာ ဦးစီးဌာနသည် တရုတ် ရှေးဟောင်းယဉ်ကျေးမှုလုပ်ငန်းတွင် အရေးကြီး တိုးတက်မှု ရရှိသည့် လုပ်ငန်းစဉ် လေးရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် ကျင့်ကျိုးမြို့ရှိ ရှမ်း မင်းဆက်ခေတ်တုန်းက ရှေးဟောင်းယဉ်ကျေးမှု အကြွင်းအကျန်နေရာ၌ ရွှေမျက်နှာဖုံး တစ်ခု တူးဖေါ်တွေ့ရှိခြင်း ပါဝင် ပါသည်။ ယင်းသည် တစ်ပြည်လုံးရှိ ရှမ်းမင်းဆက် ရှေးဟောင်းယဉ်ကျေးမှု အကြွင်းအကျန်နေရာများ၌ ပထမဆုံး တူးဖေါ်တွေ့ရှိခဲ့သည့် တစ်ခုတည်းသော ရွှေမျက်နှာဖုံး ဖြစ်သည်။