အသက် ၅၂ နှစ်အရွယ်တွင် တက္ကသိုလ်ဝင်ခွင့်ရတယ်

(GMT+08:00)2022-09-18 12:04:46  

စက်တင်ဘာလ ၁၃ ရက်နေ့က တရုတ် ဟူပေပြည်နယ် အပေါ့စားစက်မှုလုပ်ငန်းနည်းပညာ ကောလိပ်ကျောင်းမှာ အသက် ၅၂ နှစ်အရွယ် ကျောင်းသားသစ် LuXinlin ဟာ လူမှု မီဒီယာပလက်ဖေါင်းတွင် hot ဖြစ်လာပါတယ်။

မိဘတွေ ကျေးဇူးပြုပြီး ရပ်ပါဦး၊ ကျောင်းသားတွေပဲဝင်ပါ။”တက္ကသိုလ် ဝန်ထမ်းက ဒီလိုပြောတယ်။ “ကျွန်တော်ဟာ ကျောင်းသားပဲဖြစ်တယ်၊ ကျောင်းလာတက်တာပဲ”လို့ LuXinlin က ပြန်ဖြေတယ်။

       မနှစ်က အောက်တိုဘာလကစပြီး LuXinlin ဟာ ကျန်းမာရေး အကြောင်းရင်းကြောင့် ကြိုတင် ပင်စင်ယူပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်ကာ စာမေးပွဲတွင် တစ်ကြိမ်သာပါဝင်ပြီး ဝင်ခွင့်ရခဲ့တယ်။ “ကျွန်တော် ပင်စင်ယူပြီးနောက် နေ့တိုင်း ထိုက်ချိလုပ်တာ၊ ငါးမျှားတာမျိုး မလိုချင်ဘူး၊ ကျောင်းသား ပြန်ဖြစ်ချင်တယ်”လို့ သူကပြောတယ်။ ပိုမိုတက်ကြွစွာနေဖို့ သူကမျှော်လင့်တယ်။  “သမီးလေးအတွက် စံနမူနာ ပြချင်တယ်၊ လူငယ်တွေဆိုလျှင် ဘဝတစ်သက်တာ သင်ယူသင့်တယ်”လို့ သူက ပြောတယ်။