ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူးများအဖွဲ့သည် ဒုတိယအကြိမ် အာကာသယာဉ်ပြင်ပ လှုပ်ရှားမှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်

(GMT+08:00)2022-09-18 12:05:55  

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်တွင် ၅ နာရီကြာ အာကာသယာဉ်ပြင်ပလှုပ်ရှားခြင်းဖြင့် ရှင်ကျိုးအမှတ် ၁၄ အာကာသယာဉ်မှူး Chen Dong၊ Liu Yang နှင့် CaiXuzhe တို့သည် စီစဉ်ထားသည့် တာဝန်အားလုံးကို ပြီးမြောက်ခဲ့သည်။ အာကာသယာဉ်မှူး Chen Dong နှင့် CaiXuzhe တို့  Wentian စမ်းသပ်မော်ကျူးသို့ ဘေးကင်းစွာပြန်ရောက်ကာ အာကာသယာဉ်ပြင်ပလှုပ်ရှားမှု အောင်မြင်စွာ ပြီးမြောက် ခဲ့သည်။