ထိုင်ဝမ် ထိုင်တုန်းခရိုင်တွင် ပြင်းအား ၆.၅ အဆင့် ငလျင် လှုပ်ခတ်

(GMT+08:00)2022-09-18 12:08:25  

စက်တင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်တွင် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသရှိ ထိုင်တုန်းခရိုင်(မြောက်လတ္တီကျု ၂၃.၀၅ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၂၁.၂၁ ဒီဂရီ)တွင် ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင် ဗဟိုချက်မနေရာသည် ၁၀ ကီလိုမီတာ နက်ရာ၌ ရှိကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်များက တရားဝင်အတည်ပြုခဲ့ပါသည်။

ယခုအကြိမ် ငလျင်ဗဟိုချက်မသည် ထိုင်တုန်းခရိုင်တွင် တည်ရှိပြီး ထိုင်ပေမြို့နှင့် ၂၂၃ ကီလိုမီတာ ကွာဝေးသည်။ ထိုင်ဝမ်တစ်ဝန်းတွင် ပြင်းထန်သော လှုပ်ခတ်မှုရှိပြီး ဖူကျန့်ပြည်နယ် ရှမင်၊ ချွမ်းကျိုး၊ ဖူကျိုးစသည့်မြို့များတွင် လှုပ်ခတ်မှုကို သိသာစွာ ခံစားရပြီး ကွမ်ကျိုး၊ ဟန်ကျိုးစသည့်မြို့များတွင်လည်း လှုပ်ခတ်မှုများရှိသည်။