၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် တရုတ်ယွမ်ငွေ ဘီလီယံ ၄၀၀ ကျော် တန်ဖိုးရှိသော စာချုပ် ချုပ်ဆို

(GMT+08:00)2022-09-17 12:13:30  

 ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၁၆ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ စတင် ကျင်းပခဲ့ရာ စုစုပေါင်း ၄၁၃ ဘီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် သဘောတူစာချုပ် ၂၆၇ ခုကို ချုပ်ဆိုခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များသည် အဆင့်မြင့် သတ္တု သစ်များ၊ ခေတ်မီလယ်ယာ စိုက်ပျိုးရေး၊ အစိမ်းရောင် ပတ်ဝန်းကျင်ကာကွယ်ရေး၊ အထည်ချုပ်၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ အားကစားနှင့် စက်ယန္တရားထုတ်လုပ်မှု စသည့် လုပ်ငန်းများ ပါဝင်ပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲသည် RCEP အဖွဲ့ဝင်နိုင်ငံများ စီးပွားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးကြီးသော ပလက်ဖေါင်း ဖြစ်လာနေပြီ ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။