အီတလီနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၀ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2022-09-17 12:17:52  

စက်တင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့က အီတလီနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ၁၀ ဦးထက်မနည်းသေဆုံးပြီး ၄ ဦး ပျောက်ဆုံးခဲ့သည်။

လူသေဆုံးမှုနှင့် ပျောက်ဆုံးမှုသည် အလယ်ပိုင်းဒေသရှိ မာကယ်ပြည်နယ်နှင့် အနီးတဝိုက်ဒေသတွင် ဖြစ်ပွားကြောင်း အီတလီကယ်ဆယ်ရေးဌာနက ဆိုသည်။ ဒေသအချို့တွင် သုံးလေးငါးနာရီကြာ မိုးရွာသွန်းမှုပမာဏသည် ပုံမှန် နှစ်ဝက်ကြာ မိုးရွာသွန်းမှုပမာဏနှင့် ဆင်တူကြောင်း ဒေသခံမီဒီယာမှ သတင်းအရ သိရပါသည်။