မက္ကဆီကိုနိုင်ငံတွင် လွတ်လပ်ရေးရရှိသည့် ၂၁၂ ပြည့်နှစ် ဗိုလ်ရှုပွဲ ကျင်းပ

(GMT+08:00)2022-09-17 12:20:16  

ဒေသစံတော်ချိန် ၁၆ ရက်နေ့၌ မက္ကဆီကိုနိုင်ငံ မြို့တော်မက္ကဆီကိုစီးတီးတွင် လွတ်လပ်ရေးရရှိသည့် ၂၁၂ ပြည့်နှစ် ဗိုလ်ရှုပွဲကို ကျင်းပခဲ့သည်။ နှစ်စဉ် စက်တင်ဘာလ ၁၆ ရက်နေ့သည် မက္ကဆီကိုနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သကဲ့သို့ မက္ကဆီကိုနိုင်ငံ၏ အမျိုးသားနေ့လည်းဖြစ်သည်။ ယခုနှစ် ဗိုလ်ရှုပွဲ၌ စစ်သည် ၁၈၀၀၀ ကျော် ပါဝင်ခဲ့သည်။