"ရောင်စုံယူနန်"ဘောင်ဆန်းထိန်ချွန်းခရီးသွားရထားသည် ကူမင်းမြို့မှ တရားဝင်စတင်ပြေးဆွဲ

(GMT+08:00)2022-09-17 19:59:16  

ယခုလ ၁၅ ရက်နေ့က ရထား၏ဝီစီသံနှင့် ယူနန်ပြည်နယ်ဘောင်ဆန်း ယဉ်ကျေးမှုခရီးသွားခြင်းကိုဆောင်ဗုဒ်အဖြစ်ထားသည့် ရောင်စုံယူနန် ဘောင်ဆန်းထိန်ချွန်းခရီးသွား ရထားသည် တရားဝင် ပြေးဆွဲခဲ့သည်။ ရထားစီးလျှင် ကူမင်းနွေဦးမြို့တော်၏ ကျက်သရေနှင့် ထိန်ချွန်းဟေဆွင်ရှေးဟောင်းမြို့၏ သာယာမှုကို တစ်ရက်အတွင်း ခံစားနိုင်သည်။ ယခုနှစ် ဇူလိုင်လတွင် ယူနန်တာ့လီ-ဘောင်ဆန်းမီးရထားလမ်းကို တည်ဆောက်ပြီးစီးခဲ့ပြီး တရားဝင်ပြေးဆွဲခဲ့ခြင်းသည် ဘောင်ဆန်းမြို့တွင် မီးရထားလမ်းဆက်သွယ်မှု မရှိခဲ့သည့် သမိုင်းကြောင်းကို တရားဝင် အဆုံးသတ်ခဲ့ကြောင်း၊ ယင်းရထားလမ်းသည်ပြည်လုံးဆိုင်ရာမြန်နှုန်းမြင့်ရထားလမ်းကွန်ရက်နှင့် ဘက်စုံချိတ်ဆက်ခဲ့ပြီး ဘောင်ဆန်းမြို့မှ တာ့လီမြို့နှင့်ကူမင်းမြို့သို့ အကွာအဝေးကိုတိုစေခဲ့၍ ယူနန်အနောက်ပိုင်းရှိခရီးသွားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်လမ်းကြောင်းသစ်များနှင့် အခွင့်အလမ်းသစ်များကို ဖန်တီးပေးခဲ့သည်။