နဝမအကြိမ်မြောက် တရုတ် စေတနာ့ဝန်ထမ်း စစ်သား အာဇာနည်များ၏ ရုပ်အလောင်း လွှဲပြောင်းပေးအပ်ပွဲ တရုတ်နှင့် တောင်ကိုရီးယား ပြုလုပ်

(GMT+08:00)2022-09-16 15:55:59  

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက နဝမအကြိမ်မြောက် တရုတ် စေတနာ့ဝန်ထမ်း စစ်သား အာဇာနည်များ၏ ရုပ်အလောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ အင်ချွမ် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပြုလုပ်ခဲ့ပါသည်။ တရုတ်နှင့် တောင်ကိုရီးယားမှ ကိုယ်စားလှယ်တို့သည် လွှဲပြောင်းပေးအပ်ရေးစာတမ်းကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှင်ဟိုင်မင်းက အာဇာနည်များ၏ ရုပ်အလောင်းများအား နိုင်ငံတော်အလံကို ဖုံးအုပ်ထားပြီး ဝမ်းနည်းကြေကွဲမှု အမှတ်တရအခမ်းအနားကို ကျင်းပခဲ့ပါသည်။ တရုတ်ပြည်သူ့ တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့သည် အာဇာနည်များ၏ ရုပ်အလောင်းကို PLA လေတပ်လေယာဉ်ပေါ်သို့ သယ်ဆောင်ထားပြီး တရုတ်အာဇာနည်များသည် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။