ရှီကျင့်ဖိန်သည် ပါကစ္စတန် ဝန်ကြီးချုပ်Shahbazနှင့် တွေ့ဆုံ

(GMT+08:00)2022-09-16 15:53:47  

ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Samarkand ဧည့်ဂေဟာ၌ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Shahbazနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ သည်ဟု China Media Group မှသတင်းအရ သိရသည်။

ရှီကျင့်ဖိန်က နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ တရုတ်နှင့် ပါကစ္စတန်တို့သည် အပြန်အလှန်ယုံကြည်အားကိုးထိုက်သော မဟာဗျူဟာမိတ်ဖက်ဖြစ် ကြောင်း၊ တရုတ်ပြည်အနေနှင့် ပါကစ္စတန်နှင့်အတူ နှစ်နိုင်ငံအကြား ထာဝရ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးရန် တွန်းအားပေးပြီး၊ ခေတ်ကာလသစ်တွင် ပိုမိုနီးကပ်သော တရုတ်-ပါကစ္စတန် ကံကြမ္မာတူအသိုက်အဝန်းကို အရှိန်မြှင့် တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟုသတင်းအရသိရသည်။