အနာဂတ်တွင် covid-19 ရောဂါကူးစက်မှု ဆက်လက်ရှိမည်ဖြစ်သဖြင့် နိုင်ငံများအနေနှင့် သတိထားသင့်ဟု WHO ဆို

(GMT+08:00)2022-09-16 15:56:28  

တစ်ကမ္ဘာလုံးမှ covid-19 ရောဂါကြောင့် သေဆုံးသူဦးရေသည် ရောဂါဖြစ်ပွားသည့် နောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်အထိသို့ ကျဆင်းလာခဲ့သော်လည်း၊ အနာဂတ်တွင် ကူးစက်မှု ဆက်လက်ရှိမည်ဖြစ်သဖြင့် နိုင်ငံများအနေနှင့် သတိထားသင့်ကြောင်း ယခုလ ၁၄ ရက်နေ့က WHOက ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ တစ်ပတ်ကြာအတွင်း တစ်ကမ္ဘာလုံးတွင် covid-19 အတည်ပြုရောဂါသည် ၃သန်း ၁သိန်းကျော် တိုးလာပြီး၊ ရှေ့တစ်ပတ်ကထက် ၂၈ ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်း၊ covid-19 ရောဂါကြောင့် သေဆုံးသူဦးရေသည် ၁၁၀၀၀ ခန့် ရှိပြီး၊ ရှေ့တစ်ပတ်ကထက် ၂၂ ရာခိုင်နှုန်းကျဆင်းလာခဲ့ ကြောင်း WHO မှ နောက်ဆုံးထုတ်ပြန်သည့် covid-19  အပတ်စဉ် ကူးစက်ရောဂါဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြသည်ဟု သတင်းအရ သိရသည်။