ကန် ကယ်လီဖိုးနီးယားတွင် တောမီး ဆက်လက် ပျံ့နှံ့နေပြီး လူ ၁သောင်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့

(GMT+08:00)2022-09-16 16:01:14  

‌‌ဒေသစံ‌တော်ချိန် ယခုလ ၁၃ ရက်နေ့က အမေရိကန် ကယ်လီဖိုးနီးယားတွင် တောမီး ဆက်လက်ပျံ့နှံ့ခဲ့ပြီး ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က ရိုက်တာသတင်းဌာန၏ ထုတ်ပြန်ချက်အရ မီးလောင်မှုဖြစ်ပွားသည့် ဧရိယာသည် ၂၃၈ စတုရန်း ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး လူပေါင်း ၁ သောင်း ၁ ထောင်‌လောက်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ထားကြောင်း သိရပါသည်။

ကယ်ီဖိုးနီးယား သစ်တောနှင့် မီးသတ်ကာကွယ်ရေးဌာနက တောမီး၏ အကျယ်အဝန်းသည် ၁၃ ရက်နေ့ ညတွင်ပင် ၁၂ စတုရန်းကီလိုမီတာ တိုးလာခဲ့ပြီး တစ်ချိန်တည်းတွင် မီးလောင်မှု အခြေအနေကို ထိန်းချုပ်ခဲ့သောနေရာသည် ၂၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ ဒေသစံတော်ချိန် ၁၄ ရက်နေ့တွင် တောမီးကြောင့် ထူထပ်သော မီးခိုးငွေ့များသည် ဒေသတွင်း လေထုအရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပြီး ကျောင်းအများအပြား တန်းရပ်နားခဲ့ကြောင်း သိရပါသည်။