ရှီကျင့်ဖိန်သည် မွန်ဂိုလီးယားသမ္မတKhurelsuh နှင့် တွေ့ဆုံ

(GMT+08:00)2022-09-16 15:51:27  

ဒေသစံတော်ချိန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် Samarkand နိုင်ငံတော်ဧည့်ဂေဟာတွင် မွန်ဂိုလီးယားသမ္မတ Khurelsuh နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတိုင်းက ပြည်သူများ၏ ဘုံဆန္ဒဖြစ်ပြီး တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် စစ်အေးခေတ်အတွေးအခေါ်များသည် နောက်ဆုံးတွင် သမိုင်းလမ်းကြောင်း၌ ပျက်သုဉ်းသွားလိမ့်မည်ဟု အလေးပေး ပြောကြားခဲ့ပါသည်။

Khurelsuh က ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ အရေးကြီးသော ပံ့ပိုးကူညီမှုကို မွန်ဂိုလီးယားသည် မြင့်မားစွာ ချီးကျူးပြီး တရုတ်ဘက်မှ တင်ပြသော “Belt and Road” ကမ်းလှမ်းချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကမ်းလှမ်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ကမ်းလှမ်းချက်တို့ကို ထောက်ခံပြီး တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ပြီး စီးပွားကုန်သွယ်ရေး၊ ရထားလမ်းနှင့် သဘာဝပတ်ဝန်းကျင် စသည့် နယ်ပယ်အသီးသီးက လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လိုကြောင်း ပြောကြားပါသည်။