၂၀၂၂ “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကွမ်ရှီးတွင် ကျင်းပ

(GMT+08:00)2022-09-15 16:06:39  

ယခုလ ၁၅ ရက်နေ့က China Media Groupနှင့် ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့အစိုးရတို့ ပူးတွဲ ဦးစီးကျင်းပသည့် ၂၀၂၂ “အာဆီယံမိတ်ဖက်” မီဒီယာ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်ကို ကွမ်ရှီး နန်နင်းတွင် ဖွင့်လှစ်လိုက်ကြောင်း၊ ၁၇ နိုင်ငံက မီဒီယာနှင့် အဖွဲ့အစည်း ၇၀ကျော်မှ ဧည့်သည်တော် ၁၈၀  နီးပါးသည် အွန်လိုင်းနှင့် အော့ဖ်လိုင်း အသွင်ပုံစံဖြင့် “ဉာဏ်ရည်၊ ရောနှောပေါင်းစပ်ခြင်းနှင့် အင်အားစုစည်းခြင်း” ဟူသော ဆောင်ပုဒ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းမှ တစ်ဆင့် တရုတ်နှင့် အာဆီယံနိုင်ငံ မီဒီယာများအကြား ပိုမိုများပြားသည့် ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းသော ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် တွန်းအားပေးပြီး ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရန် အားသစ်လောင်းပေးကြသည်။

ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ပြည်သူ့ အစိုးရဥက္ကဋ္ဌ လန်ထျန်းလိ၊ China Media Group ဒုဥက္ကဋ္ဌ ယန်ရှောင်မင်းတို့သည် ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့သည်။ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး တိန့်ရှီးကျွင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် လက်ထောက်ဝန်ကြီး၊ အရွေးခံအာဆီယံအတွင်းရေးမှူးချုပ် ကိုကင်ဟောင်တို့သည် ဗီဒီယိုပုံစံဖြင့် အမှာစကားလည်း ပြောကြားသည်။