ရှီကျင့်ဖိန်သည် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ၄င်း၏ ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြား

(GMT+08:00)2022-09-15 10:59:44  

ဒေသစံတော်ချိန် ယခုလ၁၄ရက်နေ့ကတရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကာဇက်စတန်နိုင်ငံ Nur-Sultanမြို့တော်၌ကာဇက်စတန် နိုင်ငံ သမ္မတ Tokayevနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းChina Media Groupမှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်ကပီကင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် နောက်ပိုင်းတွင် သမ္မတTokayev နှင့် ပြန်တွေ့ခွင့်ရတာ အလွန် ဝမ်းသာမိကြောင်း၊၅နှစ်အကြာတွင်သာယာလှပသည့် ကာဇက်စတန်ကို ထပ်မံ လာရောက်လည်ပတ်ပြီး အထူး ရင်းရင်းနှီးနှီး ခံစားလာရတာ ဖြစ်ကြောင်း၊ကာဇက်စတန် ခရီးစဉ်  သည်ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင်မိမိ၏ ပထမဆုံး အကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး တရုတ်-ကာဇက်စတန် ဆက်ဆံရေး၏ အဆင့်အတန်းမြင့်မားခြင်းနှင့်ထူးခြားမှုနှင့် နှစ်နိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုကိုပြသနေကြောင်း၊ ကာဇက်စတန် နိုင်ငံသည် အလယ်အာရှ နိုင်ငံကြီးနှင့် ဥရောပနှင့် အာရှ ဒေသများတွင်အရေးကြီး သြဇာညောင်းမှု ရှိသည့် နိုင်ငံ ဖြစ်ကြောင်း၊တရုတ်အစိုးရသည်ကာဇက်စတန်နှင့်ဆက်ဆံရေးကိုလွန်စွာ အလေးထားသည်ဟု ထပ်လောင်းပြောကြားလိုကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ ကာဇက်စတန်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရေးတွင် တရုတ်နိုင်ငံသည် ကာဇက်စတန်အား  တစ်လျှောက်လုံး ထောက်ခံအားပေးကြောင်း၊ နိုင်ငံတော် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကာကွယ်ရေး အတွက် သမ္မတTokayevကျင့်သုံးသော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ပြတ်သားစွာ အားပေးထောက်ခံကြောင်း၊ကာဇက်စတန်၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံသည် ကာဇက်စတန်၏ ယုံကြည်စိတ်ချရသော၊မှီခိုအားထားရသောမိတ်ဆွေနှင့်မိတ်ဖက်အဖြစ်ထာဝရရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။