မလေးရှားရင်းဂစ် ဆက်လက် တန်ဖိုးကျဆင်းပြီး ၂၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိ

(GMT+08:00)2022-09-15 14:59:01  

စက်တင်ဘာလ ၁၄ ရက်နေ့တွင် မလေးရှားနိုင်ငံသုံး ရင်းဂစ်ငွေ၏ လဲလှယ်နှုန်းမှာ ၄.၅၂၇၈ရင်းဂစ်ဖြင့် အမေရိကန် ၁ ဒေါ်လာသာ လဲလှယ်နိုင်ခြင်း ဖြစ်ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် ၂၄ နှစ်အတွင်း ၄င်းနိုင်ငံ၏ စံချိန်တင် အနိမ့်ဆုံး ငွေလဲနှုန်း ဖြစ်သည်။

ယခုလ ၁၃ ရက်နေ့တွင် မလေးရှား ငွေကြေးဆိုင်ရာကျွမ်းကျင်ပညာရှင်က ယင်းသည် ယခုရက်များတွင် အမေရိကန်ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းထားသည်ထက် မြင့်မား သောကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်ထင်ကြေးပေးမှုဖြစ်ကြောင်း ထောက်ပြခဲ့သည်။

မလေးရှားဘဏ္ဍာရေးဝန်ကြီးTunkuZafrul က မလေးရှားရင်းဂစ်ငွေနှင့် အမေရိကန် ဒေါ်လာ ငွေလဲနှုန်းသည် ဆက်တိုက်ကျဆင်းနေသော်လည်း မလေးရှားနိုင်ငံသည် စီးပွားရေး အကျပ်အတည်းသို့ ကျရောက်ခြင်း မရှိကြောင်း ပြောကြားခဲ့ပါသည်။