ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ကပ်ရောဂါ အဆုံးသတ်ရန် နီးကပ်လာပြီဟု ပြောကြားပြီး ကပ်ရောဂါကို ဆက်လက်တိုက်ဖျက်ရန် နိုင်ငံအသီးသီးအား ပန်ကြား

(GMT+08:00)2022-09-15 14:58:29  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဒါရိုက်တာချုပ်Tedros သည် စက်တင်ဘာလ ၁၄ရက်နေ့က ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ကိုဗစ်-၁၉ကပ်ရောဂါ အဆုံးသတ်ရန် နီးကပ်လာပြီဖြစ်ပြီး ကမ္ဘာသည် ယခုအခါ ကပ်ရောဂါကို ကျော်လွှားရန် အကောင်းဆုံးအချိန်ဖြစ်ကာ WHO မှ နိုင်ငံများအား ကပ်ရောဂါကို ဆက်လက်တိုက်ဖျက်ရန် ပန်ကြားကြောင်း ပြောကြားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ၂၀၂၀ပြည့်နှစ် မတ်လ ၁၁ ရက်နေ့က ကိုဗစ်-၁၉ကပ်ရောဂါ ပြန့်ပွားမှုကို ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့အထိ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၀၅သန်းကျော်ရှိပြီး သေဆုံးသူဦးရေမှာ ၆ဒသမ၄ သန်းရှိပြီဟု သိရသည်။