ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးသည် အချိန် အပိုင်းအခြားမရှိ ကြာရှည်လေးမြင့် မည်ဟုဆို

(GMT+08:00)2022-09-15 14:56:54  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ရုရှားသမ္မတပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီးနောက်၊ ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ဂူတာရက်စ်သည် စားနပ်ရိက္ခာသဘောတူစာချုပ်နှင့် ရုရှားပို့ကုန် အပါအဝင် ရေးရာများကို ပူတင်နှင့် ဆွေးနွေးခဲ့ပြီး၊ ရုရှားမှစားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာများ နိုင်ငံခြားသို့ တင်ပို့ရောင်းချရေးတွင် အတားအဆီးရှိကြောင်း သတိပေး ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။