ရှီကျင့်ဖိန်သည် Samarkand သို့ ရောက်ရှိပြီး ဥဇဘက်ကစ္စတန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၂၂ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2022-09-15 14:56:14  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၄ ရက်နေ့ ညက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand သို့ ရောက်ရှိပြီး ဥဇဘက်ကစ္စတန်နိုင်ငံ၌ တရားဝင် စတင် ခရီးလှည့်လည်ကာ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၂၂ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။

ရှီကျင့်ဖိန်သည် စာဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်အစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား ဥဇဘက်ကစ္စတန်နိုင်ငံအစိုးရနှင့် ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်သပြီး ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြားရှိ ချစ်ကြည်ရေးသည် နှစ်ပေါင်း တစ်ထောင်ကျော်ရှိပြီး တက်ကြွစွာ ရှင်သန်လျက် ရှိကြောင်း၊ တရုတ်-ဥဇဘက်ကစ္စတန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်သည့်အပြင် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထိရောက်စွာ တွန်းအားပေးနေကြောင်း၊ မိမိသည် သမ္မတ Mirziyoyev နှင့်အတူ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် အတူတကွ အာရုံစိုက်ကြသော နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများနှင့် ပတ်သက်ပြီး အမြင်ချင်း နက်ရှိုင်းစွာ ဖလှယ်ကာ တရုတ်-ဥဇဘက်ကစ္စတန်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးကို အတူချမှတ်မည် ဖြစ်ကြောင်း၊ မိမိသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Samarkand ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်၊ ဘက်အသီးသီးတို့နှင့်အတူ“ရှန်ဟိုင်းစိတ်ဓာတ်” ဖြင့် လုပ်ဆောင်ပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ မှန်ကန်တည်ငြိမ်စွာ ဖွံ့ဖြိုးစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။