ယူကရိန်းသမ္မတ Zelensky သည် Kyiv တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိ

(GMT+08:00)2022-09-15 14:57:39  

ဒေသစံတော်ချိန် ၁၄ရက်နေ့တွင် ယူကရိန်းသမ္မတ Zelensky သည် Kyiv တွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

ယူကရိန်းသမ္မတ၏ သတင်းအတွင်းဝန်မှ ကြေညာချက်တစ်ခုတွင် "ကားတစ်စီးသည် ယူကရိန်းသမ္မတ၏ ကား၊ အစောင့်အကြပ်ကားနှင့် တိုက်မိသည်" ဟု ဖော်ပြကြောင်း CNN ၏ဖော်ပြချက်အရ သိရသည်။

Zelenskyနှင့် အတူလိုက်ပါသော ဆရာဝန်များသည် ကားမောင်းသူအား အရေးပေါ်ကယ်ဆယ်ခဲ့ပြီး လူနာတင်ကားသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ဆေးစစ်မှုအပြီးတွင် Zelensky သည် ပြင်းထန်စွာဒဏ်ရာရခြင်း မရှိကြောင်း ကြေညာချက်တွင် ဖေါ်ပြသည်။