ကာဇတ်စတန်နိုင်ငံ Nur-Sultan မြို့တော်သို့ ရှီကျင့်ဖိန် ရောက်ရှိ

(GMT+08:00)2022-09-14 17:16:40  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၄ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကာဇတ်စတန်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ရန် အထူးလေယာဉ်ဖြင့် ကာဇတ်စတန်နိုင်ငံ Nur-Sultan မြို့တော် Nazarbayev အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။
သမ္မတရှီကျင့်ဖိန်သည် ကာဇတ်စတန်နိုင်ငံသမ္မတ Kassym-JomartTokayev ၏ ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပါသည်။