ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန် မီဒီယာတွင် ဆောင်းပါးတစ်ပုဒ် ထုတ်ပြန်

(GMT+08:00)2022-09-14 12:12:52  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ သမ္မတ Mirziyoyev ၏ ဖိတ်ကြားချက်အရ ဥဇဘက်ကစ္စတန်သို့ တရားဝင်ခရီးလှည့်လည်မည် ဖြစ်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၂၂ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပါသည်။ ယင်းမတိုင်ခင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဥဇဘက်ကစ္စတန် NarodnoeSlovo သတင်းစာနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ သတင်းအေဂျင်စီ စသည့် မီဒီယာများတွင် “တရုတ်-ဥဇဘက်ကစ္စတန် ဆက်ဆံရေး ပိုမို သာယာသော အနာဂတ်ကို လက်တွဲဖန်တီးကြစို့” ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ပြန်ခဲ့ပါသည်။

ရှီကျင့်ဖိန်က နှစ် ၂ ထောင်ကျော်ရှိ ချစ်ကြည်ရင်းနှီးသောဆက်ဆံမှုနှင့် နှစ် ၃၀ ကြာ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းက သမိုင်းရေစီးကြောင်းနှင့် လိုက်လျောညီထွေဖြစ်ခြင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီခြင်းကို ပြသထားကြောင်း၊ သမိုင်းနှင့်အနာဂတ်၏ လမ်းဆုံတွင် ရပ်တည်ပြီး တရုတ်-ဥဇဘက်ကစ္စတန် ဆက်ဆံရေး၏ အနာဂတ်အပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိသည့်အပြင် မျှော်လင့်ချက်များလည်း အပြည့်အဝ ရှိပါကြောင်း ထိုဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။