ရှီကျင့်ဖိန်သည် ကာဇတ်စတန် မီဒီယာတွင် ဆောင်းပါး ထုတ်ပြန်

(GMT+08:00)2022-09-14 11:35:01  

သမ္မတ တိုကာယဲ့ဗ်၏ ဖိတ်ကြားချက်အရ ကာဇတ်စတန်နိုင်ငံသို့ ခရီး လှည့်လည် တော့မည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခုလ ၁၃ ရက်နေ့က ကာဇတ်စတန် Pravda သတင်းစာတွင် “အတိတ်က အစဉ်အလာကောင်းကို ဆက်ခံပြီး အနာဂတ် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း ဖြစ်စဉ်၌ တရုတ်နှင့် ကာဇတ်စတန် ဆက်ဆံမှု တိုးတက်ရေးကို မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ထုတ်ပြန်ထားပါသည်။

တရုတ်နှင့် ကာဇတ်စတန် ဆက်ဆံမှုသည် ကာလကြာရှည်စွာ အခက်အခဲ စမ်းသပ်မှုများကို ဖြတ်ကျော်ပြီး စောစောကတည်းကပင် လွန်စွာ ခိုင်ခံ့လာပြီ ဖြစ်ကြောင်း၊ မိမိ၏ ယခုအကြိမ် ခရီးစဉ်အတွင်း တရုတ်- ကာဇတ်စတန် ရေရှည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ပိုမို ကောင်းမွန်စွာ တိုးတက်ရေး၊ တရုတ်-ကာဇတ်စတန် ဘက်စုံ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး သမ္မတ တိုကာယဲ့ဗ်နှင့် နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်မည် ဖြစ်ကြောင်း၊ တရုတ်-ကာဇတ်စတန် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ရည်မှန်းချက် အဖြစ်ထား၍ တရုတ်-ကာဇတ်စတန် ဆက်ဆံမှုကို လက်တွဲ တွန်းအားပေးရေးနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမည် ဖြစ်ကြောင်း ရှီကျင့်ဖိန်၏ ဆောင်းပါးတွင် ရေးသားဖေါ်ပြထားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။