ယန်စီမြစ် ဝူဟန့်အပိုင်း ရေအမှတ် ဆက်တိုက် ကျဆင်း

(GMT+08:00)2022-09-14 16:45:08  

လွန်ခဲ့သည့်ရက်များတွင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ယန်စီမြစ် ဝူဟန့်အပိုင်း ရေအမှတ် ဆက်တိုက်ကျဆင်းလာသဖြင့် သဲသောင်ပြင်များ ပေါ်လာခဲ့ပါသည်။ ဝူဟန့်မြို့ မြို့သူမြို့သားများသည် သဲသောင်ပြင်ပေါ်တွင် ကစားနေကြပါသည်။ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀နာရီအထိ ယန်စီမြစ် ဟန့်ခိုအပိုင်း ရေအမှတ် ၁၃.၅၈ မီတာ ရှိပြီး သမိုင်းတွင် အလားတူအချိန်ပိုင်းကထက် ၈မီတာ ကျဆင်းလာခဲ့ပါသည်။