အမေရိကန် Blue Originကုမ္ပဏီ ဒုံးပျံပစ်လွှတ်မှု မအောင်မြင်

(GMT+08:00)2022-09-14 13:47:54  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၂ ရက်နေ့က Jeff Bezos လက်အောက်ခံ အာကာသခရီးသွားလာရေးကုမ္ပဏီ Blue Originမှ  ဒုံးပျံတစ်စင်းသည် ပစ်လွှတ်မှု မအောင်မြင်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ၄င်း အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီအုပ်စုက ပြည်သူများအတွက် ဝန်ဆောင်ပေးပြီးနောက် ပထမတစ်ကြိမ် အရေးပေါ်ဖြစ်ရပ် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ယင်းကိစ္စရပ်ဖြစ်ပွားပြီး Blue Originကုမ္ပဏီက ယနေ့ ပျံသန်းမှုတွင် capsule escape system သည် capsule ကို booster နှင့် အောင်မြင်စွာ ခွဲထုတ်ခဲ့ပြီး booster က မြေပြင်ကို ထိသွားကြောင်း၊ ဒဏ်ရာရရှိသူနှင့် သေဆုံးသူ အချက်အလက် မရှိကြောင်း Twitterတွင် ပို့စ် တင်ထားသည်ဟု သတင်းအရ သိရပါသည်။