ယူကရိန်းသည် ရုရှားနှင့် တိုက်ပွဲဆင်နွှဲရာတွင် ဥရောပတိုက်၏ လုံခြုံရေးကိုကာကွယ် ထိန်းသိမ်းသဖြင့် ယူကရိန်းသို့ ထောက်ပံ့မှု ဆက်တိုက်ပေးမည်ဟု ဂျာမဏီကာကွယ်ရေး ဝန်ကြီးဆို

(GMT+08:00)2022-09-13 15:43:16  

ဂျာမဏီကာကွယ်ရေးဝန်ကြီးChristine Lambrecht က ယူကရိန်းနိုင်ငံသည် ရုရှား နိုင်ငံနှင့် တိုက်ပွဲဆင်နွှဲရာတွင် ဥရောပတိုက်၏ လုံခြုံရေးကိုကာကွယ်ထိန်းသိမ်းနေကြောင်း၊ လတ်တလော ယူကရိန်း၏ စစ်ရေးဆောင်ရွက်မှုများဖြင့် တိုက်ပွဲကို ပိုမိုလျင်မြန်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း မကြာမီက ပြောကြားခဲ့ပါသည်။ ယခုနှစ်နွေရာသီ မရောက်မီက ယူကရိန်းနိုင်ငံသို့ စစ်ရေးထောက်ပံ့မှုများကို တိုးများလာခဲ့ပါသည်။ အထူးသဖြင့် လေကြောင်းရန် ကာကွယ်ရန် တင့်ကားနှင့် ဟောင်ဝီဇာများကို ထောက်ပံ့ပေးသကဲ့သို့ အဆင့်မြင့်သိပ္ပံနည်းပညာ လေကြောင်းရန် ကာကွယ်ရန် ဒုံးကြည်များကို ထောက်ပံ့ရန်လည်း ကတိပြုပြောကြားခဲ့ပါသည်။ ဝန်ကြီးChristine Lambrecht က ဂျာမဏီနိုင်ငံအနေဖြင့် ပိုလန်နိုင်ငံနှင့် အသေးစိတ်ဆွေးနွေးနေကြောင်း၊ လိုအပ်သည့် အချိန်တွင် ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသောလက်နက်များကို လျင်မြန်စွာ ပြုပြင်မွမ်းမံရန်အတွက် ပိုလန်နိုင်ငံအရှေ့ပိုင်းဒေသတွင် ပြုပြင်ရေးစင်တာတစ်ခုကို တည်ဆောက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။