တောင်ကိုရီးယားသမ္မတ ယွန်စစ်ဝုခ်သည် စီးပွားရေး သံတမန်ရေးရာ အခြေခံအုတ်မြစ်ကို ချဲ့ထွင်ရန် ဗြိတိန်၊အမေရိကန်နှင့် ကနေဒါနိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2022-09-13 15:39:28  

တောင်ကိုရီးယားနိုင်ငံလုံခြုံရေးဝန်ကြီး ကင်ဇွမ်ဟန်က တောင်ကိုရီးယားသမ္မတ ယွန်စစ်ဝုခ်သည် စက်တင်ဘာလ ၁၈ရက်နေ့မှ စ၍ ဗြိတိန်၊အမေရိကန်နှင့်ကနေဒါနိုင်ငံသို့ ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယခုခရီးစဉ်၏ ရည်ရွယ်ချက်မှာ စီးပွားရေးသံတမန်ရေးရာ အခြေခံအုတ်မြစ်ကို ချဲ့ထွင်ရန်ဖြစ်ကြောင်း၊ တောင်ကိုရီးယားအစိုးရသည် ယွန်စစ်ဝုခ်နှင့် အမေရိကန်သမ္မတ ဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒို တို့ကြား နှစ်ဖက် တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို ညှိနှိုင်းစီစဉ်နေကြောင်း ၁၂ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Groupမှသတင်းအရ သိရပါသည်။