ဩစတြီးယားတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ ငွေကြေးဖောင်းပွမှုနှင့် ရုရှားနိုင်ငံအပေါ် “ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းပုံစံပိတ်ဆို့အရေးယူမှုများ”ကို ကန့်ကွက်

(GMT+08:00)2022-09-13 11:43:21  

ဒေသစံတော်ချိန် စက်တင်ဘာ၁၁ ရက်နေ့က သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်ပြီး လူနေမှုစရိတ် မြင့်တက်လာခြင်းကို ကန့်ကွက်ကြကြောင်း သိရပါသည်။

လူအချို့က သြစတြီးယားအစိုးရအား ရုရှားအပေါ် "ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းပုံစံပိတ်ဆို့အရေးယူမှုများ" ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။ အချို့က နေတိုး၏ စစ်သွေးကြွသည့် သဘောသဘာဝကို ရှုတ်ချခဲ့ကြသည်။ သြစတြီးယား Heute သတင်းစာသည် ဒေသခံရဲများ၏ စကားကို ကိုးကားပြီး အခင်းဖြစ်ပွားရာနေရာ၌ လူပေါင်း ၃၀၀၀ ရှိသည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြခဲ့သည်။