ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနဆိုင်ရာ လုံခြုံရေးလုပ်ငန်းများကို အဆင့်မြင့်ဆုံး စံနှုန်းဖြင့် ဆောင်ရွက်မည်

(GMT+08:00)2022-09-13 12:02:56  

ဂျပန် နိပွန် ဘူဒိုကန် သည် ယခုလ ၂၇ ရက်နေ့တွင် ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနကို ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ အစောင့်အကြပ်လုံခြုံရေးလုပ်ငန်းများကို အဆင့်မြင့်ဆုံးစံနှုန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဂျပန်အစိုးရသည် လူဦးရေ ၆၀၀၀ ခန့် တက်ရောက်ရန် စီစဉ်ထား‌ကြောင်း၊ သို့သော် တက်ရောက်လာသူများ၏ အရေးပါမှု စသည်တို့ကို မူတည်၍ အစောင့်အကြပ်လုံခြုံရေးအစီအစဉ် များလည်း ပြောင်းလဲနိုင်ကြောင်း၊  လက်ရှိတွင် ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနအခမ်းအနား အတွက် ဘတ်ဂျက်စုစုပေါင်း ယန်း ၁.၆၆ ဘီလီယံခန့် ရှိခြင်းကြောင့် ပြည်သူများက ပြစ်တင်နေကြောင်း၊ ယင်းအနက် နိုင်ငံခြားမှ နိုင်ငံရေးအကြီးအကဲများအား ဧည့်ခံစရိတ်က ယန်း သန်း ၆၀၀ လောက်ရှိကြောင်း သိရပါသည်။