တူနီးရှား တရားမဝင် ရွှေ့ပြောင်းသူများ တင်ဆောင်သောလှေ နစ်မြုပ်မှုတွင် သေဆုံးသူ ၁၁ ဦးအထိ မြင့်တက်လာ

(GMT+08:00)2022-09-13 15:39:02  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ ရက်နေ့က တူနီးရှား ပင်လယ် ရဲတပ်ဖွဲ့သည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်ထားသည့် လှေတစ်စင်း နစ်မြုပ်ရာ ရေပြင်တွင် ရှာဖွေပြီးနောက် နောက်ထပ် ရုပ်အလောင်း ငါးလောင်းကို တွေ့ရှိခဲ့ကြောင်း၊  ယခုအချိန်အထိ လှေနစ်မြုပ်မှု၌ သေဆုံးသူ ဦးရေမှာ ၁၁ ဦးအထိ မြင့်တက်လာခဲ့ကြောင်း၊  နစ်မြုပ် ခဲ့သောလှေတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၇ ဦး ရှိပြီး အားလုံး တူနီးရှား နိုင်ငံသားများ ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။