တူရကီက ဂရိ ပင်လယ် ရဲတပ်ဖွဲ့သည် ၄င်း၏ ကုန်တင်သင်္ဘောကို ပစ်ခတ်သည်ဟု ပြစ်တင်

(GMT+08:00)2022-09-13 10:48:21  

    စက်တင်ဘာလ ၁၂ ရက်နေ့က တူရကီ ပင်လယ်ကမ်းရိုးတန်းစောင့် ရဲတပ်ဖွဲ့သည် ကြေညာချက် ထုတ်ပြန်၍ ဂရိ ပင်လယ် ရဲတပ်ဖွဲ့က နိုင်ငံတကာ ဥပဒေကို လျစ်လျူရှုပြီး ၁၀ ရက်နေ့တွင် ၄င်း၏ အေသင်ပင်လယ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်၌ ခုတ်မောင်း နေသော ကုန်တင်သင်္ဘော တစ်စင်းကို သေနတ်ဖြင့် အချက် ၁၀ ကျော် ပစ်ခတ်ခဲ့သည်ဟု ပြစ်တင် ဖေါ်ပြခဲ့ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း အထက်ပါ နေတိုးအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်တိုက် တင်းမာလာနေသည့် ဆက်ဆံမှုကို ပိုမို ပြင်းထန်လာစေကြောင်း အမေရိကန် ABC မှ ၁၁ ရက်နေ့က သတင်းကို ကိုးကားပြီး China Media Groupမှ သတင်းဖေါ်ပြပါသည်။