ကယ်လီဖိုးနီးယား တောမီးသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူအများအပြားကို ခြိမ်းခြောက်လျက်ရှိ

(GMT+08:00)2022-09-13 11:43:59  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် သစ်တောနှင့် မီးသတ်ဌာနမှ ဖော်ပြချက်အရ ကယ်လီဖိုးနီးယား အလယ်ပိုင်း ဒေသရှိ တောင်တန်းများတွင် မကြာမီက အသစ် ဖြစ်ပွားခဲ့သော တောမီးသည်  လျင်မြန်စွာ ပျံ့နှံ့ခဲ့ကြောင်း၊  ကယ်လီဖိုးနီးယား မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာများတွင် တောမီးခြိမ်းခြောက်မှုများကို ခံနေရပြီး လူအများအပြားအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ချခဲ့ကြောင်း၊ မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရပါသည်။