သူရဲကောင်း ၆ ဦးသည် ဟိုင်လော်ကို-ရှုခင်းသာနေရာတွင် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်စုံစမ်းစစ်ဆေးရေး အလုပ်များ ဆောင်ရွက်

(GMT+08:00)2022-09-13 15:40:34  

ယခုလ ၇ ရက်နေ့က တရုတ်ပြည် စီချွမ်းပြည်နယ် လူတင့်ခရိုင် မော်ရှီးမြို့နယ်တွင် စီချွမ်းပြည်နယ် သတ္တုရှာဖွေရေး ဒီဇိုင်းအုပ်စု ကုမ္ပဏီလီမိတက်မှ စုံစမ်းစစ်ဆေးသူ ၆ ဦးတို့သည် ပစ္စည်းကိရိယာများ သယ်ယူပြီး၊ ရဟတ်ယာဉ်ဖြင့် ဟိုင်လော်ကို-ရှုခင်းသာနေရာသို့ ရောက်ရှိကာ ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်စုံစမ်းစစ်ဆေးရေး အလုပ်များကို ဆောင်ရွက်ခဲ့ကြသည်။ ဒရုန်းအကူအညီဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးရာ နေရာများ အပေါ် တိုင်းထွာမှုနှင့် အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်ခြင်းဖြင့် ဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာ အထောက်အထားများ ပံ့ပိုးနိုင်မည်ဟု သတင်းအရသိရသည်။