အမေရိကန် ဒေသအရပ်ရပ်၌ အခမ်းအနားများ ပြုလုပ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ အရေးအခင်းတွင် သေဆုံးသူများအပေါ် ဝမ်းနည်းကြောင်း ဖေါ်ပြ

(GMT+08:00)2022-09-13 10:48:44  

ယခုလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ဒေသအရပ်ရပ်၌ အခမ်းအနားများ ပြုလုပ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုတွင် သေဆုံးသူများအပေါ် ဝမ်းနည်းကြောင်း ဖေါ်ပြခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းနေ့ နံနက်ပိုင်းက ရာနှင့်ချီသော ကျန်ရစ်သူမိသားစုများ၊ ၂၀၀၁ ခုနှစ် အရေးအခင်းတွင် ကယ်ဆယ်မှု ပါဝင်ခဲ့ဖူးသူများနှင့် အမေရိကန် ပြည်ထောင်စု အစိုးရ၊ စစ်ဘက်မှ ကိုယ်စားလှယ်များသည် ကာကွယ်ရေး ဝန်ကြီးဌာန အပြင်၌ ကျင်းပသော ဝမ်းနည်းကြောင်း အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ခဲ့ကြပါသည်။ နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ Gemini Tower Site ၌လည်း အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြီး အမေရိကန် ဒုသမ္မတ ဟာရစ္စက တက်ရောက်ခဲ့သည်။ သမ္မတ ဘိုင်ဒန်၏ ဇနီး ဂျီးလ်သည် Pennsylvania ပြည်နယ် Shanksville United flight 93 ဝမ်းနည်းကြောင်း အထိမ်းအမှတ် ဥယျာဉ်၌ ကျင်းပသော အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။