“၉ . ၅” လူတင့် ရစ်ခ်ျတာစကေး ၆.၈အဆင့် ငလျင်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မွေးချင်း ပေါက်ဖော်များအား လေးနက်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြသည့် လှုပ်ရှားမှုကို စီချွမ်းပြည်နယ်၌ ကျင်းပ

(GMT+08:00)2022-09-13 15:44:11  

စက်တင်ဘာလ ၁၂ ရက်နေ့က “၉ . ၅” လူတင့် ရစ်ခ်ျတာစကေး ၆.၈အဆင့် ငလျင်တွင် အသက်ဆုံးရှုံးခဲ့ရသည့် မွေးချင်းပေါက်ဖော်များအား လေးနက်စွာ ဝမ်းနည်း ကြေကွဲကြောင်း ဖော်ပြသည့် လှုပ်ရှားမှုကို စီချွမ်းပြည်နယ် ကန်းဇီဒေသခွဲ လူတင့်ခရိုင် မော်ရှိးမြို့နယ်နှင့် ယာအန်းမြို့ ရှီမြိုင်ခရိုင်တို့၌ တစ်ချိန်တည်း ကျင်းပခဲ့ပါသည်။