ဇာပိုရိုဇီ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ထွက်ခွာရန် ဆွေးနွေးခြင်း မရှိသေးဟု ရုရှား ဆို

(GMT+08:00)2022-09-13 12:02:35  

ရုရှားသည် ဇာပိုရိုဇီ နျူကလီးယားဓာတ်အားပေးစက်ရုံမှ ထွက်ခွာရန် ဆွေးနွေးခြင်း မရှိသေးကြောင်း ယခုလ ၁၂ ရက်နေ့က ‌ရုရှားသမ္မတ၏ သတင်းရေးရာ အတွင်းရေးမှူး ဘေစ်ကိုဖ်က ပြောကြား ခဲ့သည်။ ယူကရိန်းစစ်တပ်သည် Kharkiv နှင့် Donetsk ဒေသများတွင် တန်ပြန်ထိုးစစ်များ ဆက်လက် ဆင်နွှဲခဲ့ပြီး ယခုလ ၁၁ ရက်နေ့တွင် အခြေချနေထိုင်ရာ နေရာ ၂၀ ကျော်ကို ပြန်လည်ရရှိခဲ့ကြောင်း ယူကရိန်းတပ်မတော် စစ်ဦးစီးဌာနချုပ်က ၁၂ ရက်နေ့က ဆိုရှယ်မီဒီယာတွင် ဖေါ်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။