ဗြိတိန်ဘုရင်မကြီး၏ ရုပ်အလောင်း စကော့တလန်မြို့တော် Edinburgh သို့ ရောက်ရှိ၊ လမ်းတစ်လျှောက်ရှိ လူများ တိတ်ဆိတ်စွာ ငြိမ်သက်နေကြ

(GMT+08:00)2022-09-13 11:42:43  

ဒေသစံတော်ချိန် စက်တင်ဘာ၁၁ ရက်နေ့ နံနက်တွင် ဘုရင်မကြီး Elizabeth II ၏ရုပ်အလောင်းသည် နွေရာသီ အပန်းဖြေစခန်း Balmoral Castleမှ ထွက်ခွာခဲ့ပြီး နာရီအနည်းငယ်အကြာတွင် စကော့တလန်၏ မြို့တော် Edinburgh သို့ ရောက်ရှိခဲ့သည်။ လူအများသည် လမ်းနှစ်ဖက်တွင် တိတ်ဆိတ်စွာ ငြိမ်သက်နေကြပြီး အချို့က ဘုရင်မကြီးအား ပန်းများ ပေးကြကာ မင်းသမီး Anne သည် ဘုရင်မကြီး၏ နိဗ္ဗာန်ယာဉ်တွင် လိုက်ပါသွားခဲ့သည်။ ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားကို စက်တင်ဘာ၁၉ ရက်နေ့တွင် ဝက်စ်မင်စတာ နန်းတော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။