စီချွမ်းလူတင့် ၆.၈ အဆင့်ငလျင်၏ နောက်ဆက်တွဲငလျင် စုစုပေါင်း၂၇၁၅ ကြိမ်ရှိပြီး ခုချိန်အထိ ပြင်းအားအမြင့်ဆုံးနောက်ဆက်တွဲငလျင် ၄.၅ အဆင့်ဖြစ်

(GMT+08:00)2022-09-12 14:27:58  

တရုတ်ငလျင်ကွန်ရက်စင်တာ(CENC)မှ သတင်းအရ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီအထိ စီချွမ်းပြည်နယ် လူတင့် ရစ်ခ်ျတာ့စကေး ၆.၈ အဆင့်ငလျင်၏ နောက်ဆက်တွဲငလျင် စုစုပေါင်း၂၇၁၅ ကြိမ်ရှိပြီး ယင်းအနက် ပြင်းအား ၄.၀-၄.၉ အဆင့်ရှိသော နောက်ဆက်တွဲငလျင် ၂ ကြိမ်နှင့် ပြင်းအား ၃.၀-၃.၉ အဆင့်နောက်တက်တွဲငလျင် ၁၄ ကြိမ် ပါဝင်သော ပြင်းအား ၃.၀ အဆင့်နှင့် အထက် နောက်ဆက်တွဲငလျင် ၁၆ကြိမ်ရှိကြောင်း၊ ပြင်းအား ၃.၀ အဆင့် အောက် နောက်ဆက်တွဲငလျင် ၂၆၉၉ ကြိမ်၊ လက်ရှိ ပြင်းအား အကြီးမားဆုံး နောက်ဆက်တွဲ ငလျင်မှာ ၄.၅အဆင့် ဖြစ်ကြောင်း သိရသည်။