ရုရှားနှင့် ပြင်သစ် သမ္မတတို့သည် ယူကရိန်းအခြေအနေစသောကိစ္စများနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-09-12 14:32:51  

ရုရှားနိုင်ငံသမ္မတ ပူတင်သည် ၁၁ရက်နေ့က ချိန်းထားသည့်အတိုင်း ပြင်သစ်နိုင်ငံ သမ္မတ Macronနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ယူကရိန်းအခြေအနေစသောကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရုရှား၊ပြင်သစ် နှစ်ဦးနှစ်ဖက်တို့သည် နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့၏ ပါဝင်မှု ရှိသည့် အခြေအနေမျိုးတွင် Zaporizhzhia နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် အနီးတဝိုက်အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံရေးမဟုတ်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆန္ဒရှိကြကြောင်း ရုရှားနိုင်ငံသမ္မတဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။ Zaporizhzhia နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံ၏လုံခြုံရေးကို အာမခံပေးရေးနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိရန်အတွက် Macron သည် ယူကရိန်းသမ္မတ Zelenskyy၊ နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့ ဒါရိုက်တာချုပ် Grossiတို့နှင့် ဆက်သွယ်မှု ထိန်းထားမည်ဖြစ်ပြီး လာမည့် ၃၊၄ရက်အတွင်း ပူတင်နှင့် တယ်လီဖုန်းဖြင့် ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက သတင်းပြန်တမ်းတွင် ပြောကြားပါသည်။