အကြွေးဝယ်ကတ်ဖြင့် သေနတ်ဝယ်ယူမှုကို ခြေရာခံနိုင်ပြီး ကန် အကြွေးဝယ်ကတ်ကုမ္ပဏီ သုံးခုသည် သေနတ်ရောင်းချသူကုဒ်များကို အသုံးပြုမည်ဟု ကတိပြု

(GMT+08:00)2022-09-12 14:30:42  

        ဒေသစံတော်ချိန် စက်တင်ဘာလ ၁၀ ရက်နေ့က အမေရိကန် အကြွေးဝယ်ကတ်ကုမ္ပဏီ Visa Inc.က တရားဥပဒေ စိုးမိုးရေးဌာနများအား သံသယရှိသော သေနတ်ရောင်းချမှု တစ်ရှိန်ထိုး တိုးများခြင်းကို ပိုမို ကောင်းမွန်စွာ ခြေရာခံနိုင်အောင် ကူညီပံ့ပိုးပြီး အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှု လျှော့ချရန် မိမိ ကုမ္ပဏီသည် သေနတ်ရောင်းချသူများ၏ ISOကုဒ်သစ်များကို အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားသည်။