"9•11" အကြမ်းဖက်တိုက်ခိုက်မှု ၂၁နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဘိုင်ဒင် မိန့်ခွန်းပြောကြား

(GMT+08:00)2022-09-12 14:27:22  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် ကာကွယ်ရေးဝန်ကြီး အော်စတင်တို့သည် ဗာဂျီးနီးယားပြည်နယ် အာလင်တန်ရှိ အမျိုးသား “9·11” ပင်တဂွန် အထိမ်းအမှတ် ဗိမာန်၌ “9·11”အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ၂၁နှစ်ပြည့်နှစ် အထိမ်းအမှတ် လှုပ်ရှားမှုသို့ တက်ရောက်ခဲ့ကြသည်။

ဘိုင်ဒင်က အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “9•11” ဖြစ်ရပ်တွင် သေဆုံးသူ ၂၉၇၇ဦးအား အမေရိကန်သည် ထာဝရ မှတ်ထားမည်ဖြစ်ကြောင်း၊ အမေရိကန် ပြည်သူများသည် သတ္တိရှိရှိနှင့် စိတ်ပိုင်းဖြတ်မှုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို တုံ့ပြန်ရင်ဆိုင်ပြီး အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ကာ တိုင်းပြည်အတွက် အနစ်နာခံမှုများကို လုပ်ခဲ့ကြကြောင်း၊ အမေရိကန်သည် အကြမ်းဖက် ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖြေရှင်းရေးနှင့် ပြည်သူများကို ထိန်းသိမ်းကာကွယ်ရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

အော်စတင်က အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်တပ်၏ စစ်ရေး ဆောင်ရွက်မှုများ ၂၀၂၁ခုနှစ်၌ ပြီးဆုံးသွားခဲ့သော်လည်း အမေရိကန်စစ်တပ်သည် အကြမ်းဖက် ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန်၊ အမေရိကန်ပြည်သူများအတွက် တရားမျှတမှုကို တိုးပွားစေရန်နှင့် အမျိုးသားလုံခြုံရေးကို ထိန်းသိမ်း ကာကွယ်ရန် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။