ယူကရိန်းသည် ၂နှစ်အတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်အောင် စီစဉ်သည်ဟု ယူကရိန်း ဝန်ကြီးချုပ်ဆို

(GMT+08:00)2022-09-12 14:31:44  

ဒေသစံတော်ချိန် ယခုလ ၁၁ရက်နေ့က ယူကရိန်း အမျိုးသား သတင်းဌာနမှ သတင်းအချက်အလက်အရ ယူကရိန်းဝန်ကြီးချုပ် ရှပ်မေဂျာလ်က ယူကရိန်သည် ဥရောပသမဂ္ဂတွင် ပါဝင်ရေး ဆွေးနွေးခြင်း ဖြစ်စဉ်ကို တွန်းအားပေးရေး အတွက် ယခုနှစ်နှစ်ကုန်ပိုင်း မတိုင်မီတွင် ဥရောပသမဂ္ဂမှ တင်ပြထားသော ကြိုတင်လိုအပ်ချက် ၇ခုကို အကောင်အထည်ဖော်ရန် စီစဉ်ကြောင်း၊ ယူကရိန်းသည် ၄င်းဖြစ်စဉ်ကို အလွန်လျင်မြန်စွာ  တွန်းအားပေးပြီး ၂နှစ်အတွင်း ဥရောပသမဂ္ဂ တရားဝင် အဖွဲ့ဝင်ဖြစ်အောင် ကြိုးစားမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု သိရပါသည်။