အမေရိကန်တပ်ဖွဲ့သည် ဆီးရီးယား ရေနံအရင်းအမြစ်ကို ဆက်လက် လုယူပြီး တစ်ပတ်အတွင်း ရေနံတင်ကား ၃၀၀ ကျော်ဖြင့် ရေနံခိုးယူ

(GMT+08:00)2022-09-12 14:31:10  

      ဆီးရီးယား အမျိုးသား သတင်းဌာနမှ စက်တင်ဘာလ ၉ ရက်နေ့က သတင်းအရ ထိုနေ့တွင် အမေရိကန်တပ်ဖွဲ့သည် ရေနံတင်ကား၈၈ စီးဖြင့် ဆီးရီးယား အရှေ့မြောက်ပိုင်း ဟာဆာကာပြည်နယ်၌ ခိုးယူသော ရေနံကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အီရတ်နိုင်ငံရှိ အမေရိကန် စစ်ရေး အခြေခံစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် တစ်ပတ်အတွင်း အမေရိကန်နိုင်ငံသည် ရေနံတင်ကား ၃၀၀ ကျော်ဖြင့် ဆီးရီးယားနိုင်ငံမှနေ ရေနံ ခိုးယူပို့ဆောင်ခဲ့ကြောင်း ရေးသားသည်။