ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၂၂ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်သို့ တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00)2022-09-12 18:19:48  

    စက်တင်ဘာလ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် Samarqand၌ ကျင်းပမည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၂၂ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ကာဇက်စတန်သမ္မတနိုင်ငံသမ္မတTokayev၊ ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံ သမ္မတMirziyoyevတို့၏ဖိတ်ကြားချက်အရ ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်သို့ တရားဝင် ခရီးလှည့်လည်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ကြေညာခဲ့ပါသည်။