ယခုလ ၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကနှင့် အိုရှင်နီယာတိုက် ရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ယန်ထောသည် အမေရိကန်မှ တရုတ် အနောက်မြောက်ပိုင်း နည်းပညာတက္ကသိုလ်အား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ပြီး လျှို့ဝှက်ချက်များ ခိုးယူခြင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးအား တည်ကြည်လေးနက်စွာ အရေးဆိုကန့်ကွက်ခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ယခုလ ၁၁ ရက်နေ့က ဖော်ပြသည်ဟု China Media Group မှ သတင်းအရသိရသည်။
ဆက်လက်၍ ယန်ထောက အမေရိကန်၏ လုပ်ရပ်သည် တရုတ်ပြည်သက်ဆိုင်ရာ အဖွဲ့အစည်း၏ နည်းပညာ လျှို့ဝှက်ချက်များကို ပြင်းထန်စွာ ကျူးကျော်ပြီး၊ တရုတ်ပြည်၏ သော့ချက်ကျသော အခြေခံအဆောက်အအုံ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်ရေးရာ သတင်း အချက်အလက်လုံခြုံမှုအပေါ် ဆိုးရွားစွာ အန္တရာယ်ဖြစ်စေခဲ့သောကြောင့်၊ ချက်ချင်းရပ်စဲ ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။