ရှီကျင့်ဖိန်သည် ဗြိတိန် နိုင်ငံ Charles III ဘုရင် နန်းတက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2022-09-12 14:28:23  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၁၀ ရက်နေ့တွင် ဗြိတိန် နိုင်ငံ Charles III ဘုရင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပြီး နန်းတက်ခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်-ဗြိတိန်  သံတမန်ဆက်ဆံရေး ထူထောင်သည့်  ၅၀ ပြည့်နှစ်ဖြစ်ကြောင်း၊ မိမိအနေနှင့် Charles III ဘုရင်နှင့် အတူ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပြီး ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများနှင့် နှစ်နိုင်ငံ အကြား အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်သွယ်ရေးကို အားဖြည့်ဆောင်ရွက်ပြီး နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဆောင်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားသည်။