Papua New Guinea မြေငလျင်ကြောင့် လူ ၁ဦးသေဆုံးပြီး ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

(GMT+08:00)2022-09-12 14:33:24  

ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ရက်နေ့နံနက်ပိုင်းက ရစ်ခ်ျတာစကေး ၇.၆အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့သောကြောင့် Papua New Guineaနိုင်ငံ Madang ပြည်နယ်နှင့် Eastern Highlandsပြည်နယ် စသောပြည်နယ်များအား ဆုံးရှုံးမှုဖြစ်တည်စေခဲ့ပါသည်။

Madang ပြည်နယ်၌ မြေငလျင်ကြောင့် တောင်မြေပြိုကျခဲ့ပြီး လူ ၁ဦး သေဆုံး၍ ၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။ Eastern Highlandsပြည်နယ်၌ မြေငလျင်ကြောင့် ဒေသခံလျှပ်စစ်ဓါတ်အားပေးအဆောက်အအုံများကို ဖျက်ဆီးပြီး လျှပ်စစ်ဓါတ်အားပေး ဌာနသည် ဒီဇယ်ဆီလျှပ်အားပေးစက်များဖြင့် ဆေးရုံစသော အရေးကြီး ဌာနများအား လျှပ်စစ်ဓါတ်အားကို အရေးပေါ် ထောက်ပံ့ပေးနေပါသည်။